Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကူးမြို့နယ်ရေပြာအိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေး


02 Nov,2023

စဉ့်ကူး  နိုဝင်ဘာ ၂

        မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ရေပြာအိုင်ကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း ကကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ကျစေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း အသင်းသား၊ အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူသည့် လုပ်ငန်းများကို အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်းတာဝန်ခံတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များထံ ရန်ပုံငွေကျပ် ၄၇၆ သိန်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များက ရေပြာအိုင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၇ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၈ ဦး၊ အသက်မွေးလုပ်ငန်းလုပ်ကိုင်သူ ၃ ဦး စုစုပေါင်း အသင်းသား ၊အသင်းသူ ၁၃၂ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၇၆ သိန်း ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm