Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ် နွားရှာရိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးနေမှု ကွင်းဆင်းစစ်ဆေး


02 Nov,2023

မြစ်သား  နိုဝင်ဘာ ၂

                   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ နွားရှာရိုးကျေးရွာအုပ်စု နွားရှာရိုးကျေးရွာ၌ နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒေါ်ဝေမာလှိုင်(ဒုတိယဦးစီးမှူး)  က ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွား လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါ စီမံကိန်းရန်ပုံငွေများ လေလွှင့်ဆုံးရှုံးမှုမရှိစေရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား၊ သူများ၊ကျေးရွာကော်မတီဝင်များက အလေးထားဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေ များ လွှဲပြောင်းပေးအပ်သည်။

          ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နွားရှာရိုးကျေးရွာရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်း အသင်းသား၊ အသင်းသူ စုစုပေါင်း ၃၅၄  ဦးကို နဝမအကြိမ်အဖြစ် မြစိမ်းရောင်    ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် ၃၈၄၀၀၀၀၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm