Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းနှင့် ဆိုလာရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


01 Nov,2023

သာစည်  နိုဝင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကြာဘက်ကုန်းကျေးရွာအုပ်စု၊ ကြာဘက်ကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်း အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊  မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် မြို့နယ်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကြာဘက်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တည်ဆောက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားပါသည်။

အဆိုပါကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည် ၆၄၃ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ဆိုလာစနစ်သုံးရေသန့်စင်စက် (0.5HP) Solar DC Pump၊ 550W Solar Pannel တည်ဆောက်ခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူ ထည့်ဝင်ငွေ ၄၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံပိုးမှု အနီးကပ် ကြီးကြပ်မှုကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် စက်တင်ဘာလ ပထမပတ်ကစတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများအားလုံး၏ ၉၅ ရာခိုင်းနှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ပြောပြ၍သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm