Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ် တောင်ရပ်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းစစ်ဆေး


01 Nov,2023

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်ရပ်ဇီးကုန်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို အောက်တိုဘာ(၂၈)ရက် နံနက်ပိုင်း ကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာရွှေနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းမျာက မြစိမ်းရောင်ကျေးရာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တောင်ရပ်ဇီးကုန်းကျေးရွာ၌မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့်လုပ်ငန်းများဆောင်ရွက်နေမှု၊ငွေစာရင်းပုံစံများစနစ်တကျဖြည့်သွင်းထားရှိခြင်းရှိ/မရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီးမြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများရေရှည်တည်တံ့စေရေးအတွက်သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။ တောင်ရပ်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသား/အသင်းသူ (၂၁၁)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံ ငွေကျပ်(၄၃.၈)သန်းထုတ်ချေးပေးထားကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm