Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူး မှ မောင်တောမြို့နယ် ရွာသာယာကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”


01 Nov,2023

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးချစ်မောင် ညွှန်ကြားရေးမှူး သည် (၃၀.၁၀.၂၀၂၃) ရက်နေ့တွင် မောင်တောခရိုင် မောင်တောမြို့နယ် ရွာသာယာ ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ကျေးရွာသို့ မောင်တော်ခရိုင်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်ကျေးလက်မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများမှ လိုက်ပါခဲ့ကြောင်းသိရှိရပါသည်။

ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ရွာသာယာကျေးရွာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး ကျေးတွင်းလမ်းဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီတွင် ရွာသူ/သားများ၏ ပညာရေး၊ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး ဆောင်ရွက်ထားရှိသော ရွာတွင်းကွန်ကရစ်လမ်းအား ရည်ရှည်စွာ ထိန်းသိမ်းနိုင်ရေး ရွာသားများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ကျေးရွာသူ/သားများမှလည် ရည်ရှည်စွာထိန်းသိမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm