Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွာသစ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


01 Nov,2023

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းက သာပေါင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့်  စီမံကိန်းတာဝန်ခံဝန်ထမ်းများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းအဖွဲ့များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအား တိုင်းတာစစ်ဆေးခဲ့ပြီးနောက်  မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်မှ လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုမှာ ကြားခဲ့သည်။

          ရွာသစ်ကုန်းကျေးရွာတွင်းကွန်ကရစ်လမ်းသည် အရှည်ပေ ၁၁၄၀ပေ အကျယ် ၆ပေ အမြင့် ၆လက်မဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၃၀ ဖြင့်ကျေးရွာပြည်သူ လူထုကိုယ်တိုင်ဩဂုတ်လ၊ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်ထံမှ သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm