Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူထုဗဟိုပြုစီမံကိန်း စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ပို့ချ


25 Jan,2022

နေပြည်တော် ဇန်နဝါရီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း(CDD) ဝန်ထမ်းများအား စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရုံးအမှတ် ၃၆ နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် သင်တန်းနည်းပြ National Training Expert ဦးအောင်မြတ်ကျော်နှင့် သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါ လူထုဗဟိုပြုစီမံကိန်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မောက်မယ်၊ မိုင်းခတ်၊ သဲကုန်း၊ ရွှေကျင်၊ ပုဏ္ဏားကျွန်း၊ ဂွမြို့နယ်တို့မှ စုစုပေါင်းဝန်ထမ်း ၅၀ ဦးကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ  ၂၈ ရက်နေ့ အထိ  လေးရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm