Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ကျေးရွာချင်းဆက်လမ်းတွင် ရေကျော်တံတားနှစ်စင်းတည်ဆောက်နေမှု စစ်ဆေး


31 Oct,2023

စလင်း အောက်တိုဘာ ၂၇

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှူး- ဒေါင့်ဘိုး-မကျီးထူး ကျေးရွာချင်းဆက်လမ်းတွင် ကွန်ကရစ်ရေကျော်တံတား နှစ်စင်း တည်ဆောက်နေမှုကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုပြည့်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ အမှူး-ဒေါင့်ဘိုး-မကျီးထူး ကျေးရွာချင်းဆက်လမ်းတွင် ကွန်ကရစ်ရေကျော်တံတား နှစ်စင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။

           အမှူး-ဒေါင့်ဘိုး- မကျီးထူး ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည် ပေ ၅၀၊ အကျယ် ပေ ၂၀၊ အမြင့် တစ်ပေရှိ ရေကျော်တံတား နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၆၀၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် ဇူလိုင် ၁ ရက်မှ စတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုပြည့်က ပြောပြ၍ သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm