Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Rainbow ဝန်ဆောင်မှုသမဝါယမအသင်းက ဆောင်ရွက်နေသည့် မိုးစပါးများ ရိတ်သိမ်း


31 Oct,2023

နေပြည်တော်၊ အောက်တိုဘာ ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေ (၂.၇) ဧကတွင် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းမှ GW-18 စပါးမျိုး မိုးစပါးစိုက်ခင်းတွင် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

အဆိုပါမိုးစပါးစိုက်ခင်းကို ၁.၇.၂၀၂၃ နေ့တွင်တစ်ဧကလျှင်  မျိုးစေ့ ၁၄ ပြည်နှုန်းဖြင့် မျိုး စတင်ပျိုးထောင်ကာ တန်းကြား*ပင်ကြား(၁၁ လက်မ X ၆ လက်မ) တစ်ဧကဝင်ဆံ့ကောက်ကွက် ၁၄၂၅၆၀ ကောက်ကွက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းစနစ်ကို အသုံးပြု၍ ၁၄.၇.၂၀၂၃ နေ့တွင် ကောက်စိုက်စက်ဖြင့် စတင်စိုက်ပျိုးခဲ့ပြီး ယနေ့တွင် အပင်သက်တမ်း(၁၁၇)ရက်ပြည့်မြောက်ပြီ ဖြစ်၍ ရိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊

 မိုးစပါးများ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် စနစ်တကျ မြေပြုပြင်ခြင်း သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများအား မျှတစွာ စနစ်တကျထည့်သွင်းအသုံးပြုစိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ကွက်တွင် ရေပြတ်လပ်မှုမရှိစေရေး Solar စနစ်ဖြင့်ရေရရှိရန် ကြိုတင်စီစဉ်ဆောင်ရွက်၍ တာဝန်ရှိသူအသီးသီးက ကြပ်မတ်ဆောင်ရွက် ခဲ့သည့်အတွက် မိုးစပါးများအထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း။

အဆိုပါစိုက်ခင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ်အတွင်း (၄-၄-၂၀၂၂) တွင် နှမ်းနက် ၊ (၃၀-၁၁-၂၀၂၂) တွင် မတ်ပဲ(ရေဆင်း ၇) ၊(၇-၁၂-၂၀၂၂) တွင် နေကြာ(ရေဆင်းစပ်မျိုး ၁) နှင့် မိုးစပါး များကို အလှည့်ကျ တစ်နှစ်လျှင် သုံးသီး စဉ်ဆက်မပြတ်စိုက်ပျိုးခဲ့ပါကြောင်း၊

ထွက်ရှိလာသည့် စပါးများကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ် ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် ဆန်စက်တွင်ကြိတ်ခွဲ၍ သမဝါယမဦးစီးဌာနဝန်ထမ်း ၃၀၀ ကျော်အား တစ်ဦးလျှင် ဆန် ၁၆ ပြည်နှုန်းဖြင့် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ယခင်နှစ်ကလည်း ထွက်ရှိသမျှ ဆန်များဆီများကို ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊

အထွက်နှုန်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို လက်တွေ့သိရှိအောင် ဆောင်ရွက်ပြီး သမဝါယမအသင်းသားတောင်သူများသို့ အသိပညာပြန့်ပွားရေးကူညီနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊  တောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိစေရန် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

ဌာနအနေဖြင့် မျှော်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရန်နှင့် ဝင်ငွေတိုးပွားရန်ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်တူညီသူများဖြင့် အမှန်တကယ် စိုက်ပျိုး သူ၊ မွေးမြူသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးသမဝါယမအသင်းများကိုလည်း ထပ်မံဖွဲ့စည်း၍ ဒေသနှင့် ကိုက်ညီကာ အထွက်တိုးစေမည့် မျိုးစပါးများကိုသာ စိုက်ပျိုး၍ စိုက်ပျိုးရေးလုပ်ငန်းများ နှင့်အတူ မွေးမြူရေးလုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်သွားရန်ရှိကြောင်း  သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm