သီပေါ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် စုဆောင်းငွေပေါ်အတိုး၊ အစုပေါ်ချီးမြှင့်ငွေနှင့် ဌာနဆိုင်ရာများသို့ ပလတ်စတစ်ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌဦးတင်မောင်မောင်က အသင်းမှရရှိသော အတိုးရငွေများဖြင့် အသင်းသားများအား အမြတ်ငွေများခွဲဝေပေးခြင်း၊ အငြိမ်းစားဝန်ထမ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှ လိုအပ်လျက်ရှိသော ထိုင်ခုံများအား လှူဒါန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အသင်း၏ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များသည် လွန်စွာကောင်းမွန်၍ ဝန်ထမ်းများအားများစွာ အကျိုးပြုသဖြင့် ဝန်ထမ်း များအတွက် ဝမ်းမြောက်ရပါကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ဝန်ထမ်းများအတွက်လည်းများစွာ အထောက် အကူဖြစ်သည့်အတွက် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းများကိုများစွာ ဂုဏ်ယူကျေနပ်အားရမိပါကြောင်း၊ အမှုဆောင်ဒါရိုက်တာများအနေဖြင့်လည်း လုပ်ငန်းပိုမိုတိုးတက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် မြို့နယ်အတွင်းရှိ ဝန်ထမ်းအသင်း သားများ ကိုယ်စားများစွာ ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်းဝင်ဝန်ထမ်းများ၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် စုဆောင်းငွေပေါ်အတိုးငွေကျပ်သိန်း(၅၅၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မိုးတို့ထံလည်းကောင်း၊ ပလတ်စတစ်ထိုင်ခုံများအား အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ခိုင်မှ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း၊ လှူဒါန်းသောပလတ်စတင်ထိုင်ခုံ (၄၄၅)လုံး တန်ဖိုးမှာ ငွေကျပ်(၅၉)သိန်းခန့်ဖြစ်ကြောင်း၊ ဆက်လက်၍ လိုအပ်လျက်ရှိသော ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်တွင် မြို့နယ်အတွင်းရှိ အသင်းသားဝန်ထမ်း(၂၀၆၃)ဦးရှိပြီး၊ အသင်း သားများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်