ငဖဲ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ ရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင် က သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များ အကြောင်းနှင့် မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းက သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသိန်းဦးက သမဝါယမ အသင်းစုများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ် သမဝါယမအသင်းစုအဖွဲ့ဝင် ဦးခင်မောင်စန်းက (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် အမှုဆောင် ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ သမဝါယမအသင်းစု အဖွဲ့ဝင်ဦးကိုကိုဇော်က အသင်းစု၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အစီရင်ခံစာ ကိုလည်းကောင်း၊ သမဝါယမအသင်းစုအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းဦးက နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသည့် အသင်းဝင် ကိုယ်စားလှယ်များမှ ဘဏ္ဍာရေးရှင်းတမ်းများနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ငဖဲမြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာ ရေးရှင်းတမ်း၊ အမှုဆောင် ဒါရိုက်တာအဖွဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့် အသင်းစာရင်းစစ် အစီရင်ခံစာတို့အား အတည်ပြုချက်ရယူ၍ ငဖဲမြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးအောင်ကြည်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်