Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မံစီမြို့နယ်၊နမ့်မဖွဲကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ခန်းမဆောင် မျက်နှာကြက်တပ်ဆင်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း


26 Oct,2023

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နမ့်မဖွဲကျေးရွာ၌  မြစိမ်းရောင်အတိုးရငွေဖြင့် မျက်နှာကြက်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗန်းမော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းနှင့်အဖွဲ့ ၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန် ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်သည့် နမ့်မဖွဲကျေးရွာ၌ ဘက်စုံသုံးခန်းမ မျက်နှာကြက်တပ်ဆင်ခြင်း(၅၅'x၃၃'x၁၂')၊(၂)ခန်းတွဲ အိမ်သာတည်ဆောက်ခြင်း(၈'x၄'x၇')၊ခြံစည်းရိုးကာရံခြင်း(၃၃၂'x၆')၊လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးမှ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm