ရမည်းသင်း အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရမည်းသင်းမြို့နယ်၊ ဇီးဖြူကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုသင်တန်းကို တာဝန်ရှိသူများက အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးပြည့်စုံဦးက အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းမြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းလွင်က ခေါင်းဆောင်မှုဆိုင်ရာ အမျိုးအစားများ၊ ကျင့်ဝတ်နှင့် လုပ်ငန်းတာဝန်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များ၊ ခေါင်းဆောင်မှုအခြေခံ(၄)ချက်၊ စည်းလုံးညီညွတ်ခြင်း၏ အကျိုးရလာဘ်နှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အမူအကျင့်များ၊ ဖွံ့ဖြိုးလိုစိတ်ထားရှိရမည့် စိတ်နေစိတ်ထားများ၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား တန်ဘိုးထားခြင်းနှင့် အကျိုးရှိစွာ အသုံးချရေးလုပ်ငန်းစဉ်များ၊ ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး လိုက်နာကျင့်သုံးရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်ရန်အတွက် ပလပ်စတစ်ပစ္စည်းအသုံးပြုမှုလျှော့ချရေးနှင့် ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသောကျေးရွာသူကျေးရွာသားများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဇီးဖြူကုန်းခေတ်မီစံပြကျေးရွာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများတက်ရောက်ခဲ့ကြောင်း ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်