Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တော်-ဂါပု ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


26 Oct,2023

ကျောက်တော် အောက်တိုဘာ ၂၅

            ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်တော်-ဂါပု ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်၊ မြောက်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းရန်နိုင်သူ၊ ကျောက်တော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ထွန်းလှိုင်၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရန် မှာကြားသည်။

        ကျောက်တော်-ဂါပု ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၄၇၉ဝ၊ အကျယ် ၁၄ ပေ၊ အမြင့်ငါးလက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၈ဝ ဖြင့် ကျောက်တော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာများက စက်တင်ဘာလ တတိယ ပတ်အတွင်း စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကိုသန်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်