သုံးခွ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ကျောင်းစုပတုပ်ကျေးရွာအုပ်စု၊ သူကြီး ပတုပ်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သုံးခွမြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်သည့် သူကြီးပတုပ်ကျေးရွာ တက်နေလင်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားဦးသိန်းဆောင်၏ လယ်ဧက(၁၀)ဧကကို ယမန် နေ့မွန်းလွဲ ၁၃ နာရီက မိုးစပါးများ စတင်ရိတ်သိမ်းကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် သမဝါယမအသင်းစုမှရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင် ရွက်သည့် သမဝါယမအသင်းပေါင်း(၁၁)ရှိပြီး လယ်ဧက(၂၀၅၀)ဧကရှိသည့်အနက် ကျောင်းစု ပတုပ်ကျေးရွာအုပ်စု သူကြီးပတုပ်ကျေးရွာရှိ တက်နေလင်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း မှ အသင်းသား(၁၇)ဦး၏ စိုက်ဧက(၁၅၀)ဧကတွင် တောင်သူဦးသိန်းဆောင်၏ လယ်ဧက(၁၀) ဧကကို စတင်ရိတ်သိမ်းခဲ့ရာတစ်ဧကလျှင် စပါးတင်း(၆၀)တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နွယ်နွယ်အေး၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်