Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သိန္နီမြို့၌ ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေအပေါ်အတိုးများ ထုတ်ပေး


27 Oct,2023

သိန္နီ  အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူ့ဝန်ထမ်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသားများအား (၂၀၂၂−၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အစုပေါ်အမြတ်နှင့် (၂၀၂၃−၂၀၂၄) ဘဏ္ဍာရေးနှစ်ပထမ(၆)လအတွက် စုဆောင်းငွေပေါ်အတိုးများ ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ထုတ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းဝင် ထားသော အသင်းသားများအား ၎င်းတို့၏ စုဆောင်းထားရှိသော ငွေပမာဏနူန်းထားအပေါ် မူတည်၍ ရရှိသောအတိုးငွေများကို ထုတ်ပေးခြင်းဖြစ်သည်။ အစုပေါ်အမြတ် (၂၀၂၂−၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အသင်းသား(၄၉၅)ဦးအား ငွေကျပ်(၁၉၈၀၀၀၀)နှင့် (၂၀၂၃−၂၀၂၄) ဘဏ္ဍာရေးနှစ် အတွက် စုဆောင်းငွေပေါ်အတိုးပထမ (၆) လအတွက် အသင်းသား(၅၁၁)ဦးအား ငွေကျပ် (၂၃၃၂၂၅၄၅) ကျပ် ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဝန်ထမ်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဉက္ကဌထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm