Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဦးခရိုင်၊ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ ကျောက်တော်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း


26 Oct,2023

မြောက်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကျောက်တော် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်​ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများအနက် သဝင်ကိုင်းကျေးရွာ တွင် သုသာန်ဇရပ်တည်ဆောက်ခြင်းလုပ်ငန်းအား (၂၃-၉-၂၀၂၃) ရက်နေ့တွင်  ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့များမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့သို့ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ သုသာန်ဇရပ်ဆောက်လုပ်ခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးစီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာစိတ်ဓါတ်၊ ကျေးရွာသူ/သားများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းလမ်းညွှန်ပြောကြား ခဲ့ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm