Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးကျေးရွာ၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးပေး


25 Oct,2023

 ကျောက်ဆည်  အောက်တိုဘာလ  ၂၅     

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေ ပြည်သူများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများအား လျော့ချနိုင်စေ ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော တံတားဦးကျေးရွာ၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူး ဒေါ်ထိုက်ထိုက်စိုး၊ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ရီရီဦးနှင့်မြို့နယ် ဝန်ထမ်းများက ကျေးရွာသူများ၊ ကျေးရွာသားနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများအား Mobile Financial Payment စနစ်ဖြင့်ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကြပါသည်။

 ထိုနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်တာဝန်ရှိသူများသည် အဆိုပါကျေးရွာ၌ စီမံကိန်းကော်မတီဝင်များ၊ မြို့နယ်မှ တာဝန်ရှိသူများ၊ MoMoney Agent များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း(၆၃)ဦး၊ မွေးမြူရေးလုပ်ငန်း(၃၀)ဦး၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်း (၃၀)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း(၂၃)ဦး စုစုပေါင်းအသင်းသား(၁၆၉)ဦးအား စီမံကိန်းရန်ပုံငွေကျပ် ၆၁ သန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Shwe Bank တို့ပူးပေါင်း၍ Manual Cash-Based စနစ်အစား Mobile Financial Payment (MoMoney Digital Wallet)စနစ်တို့ဖြင့် အောင်မြင်စွာထုတ်ချေးပေးနိုင်ခဲ့ ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm