Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများအား အပ်/ထုတ်စနစ်နှင့် ပြန်လည်ထုတ်ချေးမှုဆောင်ရွက်ခြင်း


25 Oct,2023

ပြင်ဦးလွင် အောက်တိုဘာလ ၂၅

            ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော သင်္ဂတုံကျေးရွာ အုပ်စု၊ သင်္ဂတုံကျေးရွာတွင် (နဝမကြိမ်) မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး ခြင်းအား အပ်/ထုတ် စနစ် ဖြင့် သင်္ဂတုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ဆောင်ရွက်ခဲ့ပါသည်၊။

          အဆိုပါ (နဝမကြိမ်) မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၄၈၅)သိန်းအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသား (၁၄၁)ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထိုက်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းဝိသေသများ၊ စီမံကိန်းအကြောင်း အရာများ၊ အတိုးနှုန်းများ နှင့် ကာလသတ်မှတ်ချက်များ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို  ရှင်းလင်းပြောကြားခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm