Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် လိန်တောအုပ်စု၊ ဆည်ရွာကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှင့် ရေသန့်စက်တပ်ဆင်ပြီးစီးမှု လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


25 Oct,2023

မန္တလေး အောက်တိုဘာ ၂၅

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် လိန်တောအုပ်စု၊ ဆည်ရွာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများမှ မိတ္ထီလာမြို့နယ်၊ လိန်တောအုပ်စု၊ ဆည်ရွာ ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးပြီး နောက် ခရိုင်ဦးစီးမှူးမှ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာ ကော်မတီ ဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေး ထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

          မိတ္ထီလာမြို့နယ် လိန်တောအုပ်စု၊ ဆည်ရွာကျေးရွာ လမ်းအရှည်၅၅၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆လက်မထုရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရန်ပုံငွေကျပ်(၁၅)သန်းမှ (၁၀.၁၇)သန်း၊ ပြည်သူထည့်ဝင်ငွေ(၃.၈၃)သန်း၊ ဆိုလာရေသန့်စက် တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းကို  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၅)သန်းမှ (၄.၈၃)သန်း၊  ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စုစုပေါင်း ငွေကျပ် (၁၈.၈၃)သန်း ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာကူညီ ပံ့ပိုးကာ ကျေးရွာသူ/ သားများကိုယ်တိုင် ယခုနှစ်စက်တင်ဘာလ ပထမအပတ်ကစတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ဆည်ရွာကျေးရွာရှိအိမ်ခြေ(၁၀၇)၊ အိမ် ထောင်စု (၁၁၇)၊ လူဦးရေ(၆၁၁)ဦးတို့ ရာသီမရွေးသွားလာရေးအဆင်ပြေလွယ်ကူမည် ဖြစ်ပြီး လူမှု ရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ် ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်း မှ ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm