တောင်တွင်းကြီး အောက်တိုဘာ၂၅
မကွေတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း၊တံတား၊ ရေကျော်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အောက်တိုဘာ ၂၃ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်း၊ တံတား၊ ရေကျော်များကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၄၀ ဒသမ ၉၅၁ သန်းဖြင့် လမ်း နှစ်လမ်း၊ ရေကျော်လေးစင်းနှင့် Box Culvert နှစ်စင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရေကျော် တစ်စင်းနှင့် Box Culvert တစ်စင်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အောင်ကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်