လှိုင်းဘွဲ့ အောက်တိုဘာလ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဥက္က္ကဋ္ဌနှင့် အမှုဆောင်များ၊ အခြေခံသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလင်းခိုင်မှ သဘာပတိအဖြစ် လည်းကောင်း၊ အခမ်းအနားမှူးအဖြစ် လှိုင်းဘွဲ့မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းမြတ်သုခ၊ ဌာနခွဲစာရေး ဒေါ်ခိုင်နှင်းဖွေးတို့မှ ဆောင်ရွက်ပြီး အစည်းအဝေးအား အစီအစဉ် ၁၆ ရပ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်တူးတို့မှ အသီးသီးအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား သမဝါယမ အသင်းစု(လီမိတက်) ဦးမြသွေးမှ ဖတ်ကြားတင်သွင်းပြီး ၊ အသင်းစာရင်းအဖွဲ့၏အစီရင်ခံစာအား အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများအား အသင်းဝင်ကိုယ်စားလှယ်များ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ တက်ရောက်လာသော အသင်းဝင်များက တညီတညွတ်တည်း သဘောတူကြပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်