Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်


26 Oct,2023

ပွင့်ဖြူ၊ အောက်တိုဘာ  ၂၆

          မကွေးတိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်း ၂၀၀ ပံ့ပိုးငွေရယူ၍ ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်တွင် GW- 11  စပါးမျိုးဧက ၄၀၊ ဆာဖိုးသာစပါးမျိုး ဧက ၆၀၊ ပေါ်ဆန်းရင်ဧက ၁၀၀၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာ၌ GW- 11 စပါးဧက ၁၀၀၊ ဧရာမင်းစပါးဧက ၂၀၀ တို့ကို ၆ တန်း ၁ တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလတွင် မျိုးစပါးများ ရိတ်သိမ်းမည်ဖြစ် သည်။

အသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေရယူဆောင်ရွက်ခြင်းဖြင့် အသင်းဝင် တောင်သူများသာမက Contract Farming စနစ်ဖြင့်ဆောင်ရွက်နေသော တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားပြီး အဆင့်မီစပါးမျိုးများရရှိနိုင်ရေးအတွက် GW- 11၊  ဆာဖိုးသာ၊ ပေါ်ဆန်းရင်၊ ဧရာမင်းစပါးမျိုး ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာများကိုလည်း အသင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးထွန်ယက်ချိန်တွင် မြေယာပြုပြင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ်များကို ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစပါးပင်များ၏ သက်တမ်းအလိုက် သုံးစွဲရသော မြေဆီဩဇာနှင့် ပိုးသတ်ဆေးများကို သီးနှံပေါ်ပေးစနစ်ဖြင့် ကူညီထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကိုမျှဝေဆောင်ရွက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်သည်။ ထို့ပြင်အသင်းမှ မျိုးစေ့ထုတ်လုပ်ငန်းအတွေ့အကြုံရှိ အသင်းသားများမှ သွားရောက်ဆောင်ရွက်ပေးခြင်းနှင့် ရိတ်သိမ်းပြီးပါက ထွက်ရှိလာမည့် မျိုးစပါးအစိုများကိုလည်း ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်