Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း


25 Oct,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအား  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို  (၂၅-၁၀-၂၀၂၃) ရက်နေ့တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊  ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများ၊ စုစုပေါင်း(၂၅၄)ဦး တက်ရောက် ခဲ့ပါသည်။

                   အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ ဝန်ထမ်း(၁)ဦးလျှင် ဆန်(၃)ပြည်နှင့် ဆီ(၁)ပိဿာကို ဝန်ထမ်း (၂၅၄)ဦး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm