ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ရယူဆောင်ရွက်မည့် အခြေခံသမဝါယမအသင်းသားတောင်သူများအား သွင်းအားစုစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်အောင်က အရင်းမပျောက်နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံကိန်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သမဝါယမကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် သွင်းအားစုစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်း(၆)သင်းသို့ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကနှင့်အဖွဲ့ဝင်များက သွင်းအားစုမတည်ရန်ပုံငွေများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာတွင် နာရီကန်ကျေးရွာ ရှေ့ဆောင်သမဝါယမ အသင်း၊ နတ်ဆိပ်ကျေးရွာ ရွှေဝါရောင်သမဝါယမအသင်း၊ တန်းစွယ်ကျေးရွာ မြတ်စွယ်တော် သမဝါယမအသင်း၊ သဲတက်ကျေးရွာ ဂစ္ဆပရွှေဝါသမဝါယမအသင်း၊ င/ပြောက်ဆည်ကျေးရွာ မြရတနာသမဝါယမအသင်းနှင့်ကွန်းတောင်ကျေးရွာ ရွှေမြေသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ရန်ပုံငွေကျပ်သန်း ၁၀၀ တိတိကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်