Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိုးဘိုကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ၊ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်ခြင်း


25 Oct,2023

တောင်သာ အောက်တိုဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် အိုးဘို ကျေးရွာ တွင် ရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး အောင်မြင်ခဲ့သဖြင့် လမ်းဖွင့်ပွဲ နှင့် လုပ်ငန်းများအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ ကျေးရွာ ကွန်ကရစ်လမ်းပေါ်နှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ  လုပ်ငန်းများအပ်နှံခြင်းအခမ်းအနားကျင်းပရာ၌ အိုးဘိုကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးစိန္တိတ ကဆုံးမသြဝါဒတရားမြွတ်ကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက VDP စီမံကိန်း၏ရည်ရွယ်ချက်များ၊ ကျေးရွာစိတ်ဓါတ်အကြောင်းနှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကာ ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသား များကို ဆောင်ရွက်ပြီးလုပ်ငန်းများ ဝိုင်းဝန်းတန်ဖိုးထားထိန်းသိမ်းကြဖို့၊ အမှိုက်စနစ်တကျစွန့်ပစ်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်သည့် မှတ်တမ်းလွှာအား ကျေးရွာ ကော်မတီဥက္ကဌ ဦးသန်းစိုးထံလွှဲပြောင်းပေးအပ်ပြီး ကျေးရွာလုပ်ငန်းကော်မတီဥက္ကဌက ဆောင်ရွက်ပြီး လုပ်ငန်းများအား ကျေးလမ်းထိန်းသိမ်းရေးကော်မတီထံ လုပ်ငန်းများလွှဲပြောင်းအပ်နှံခြင်း ဆောင်ရွက်ခဲ့ပြီး နောက် ကျေးရွာ VDPဥက္ကဌက အသုံးစရိတ်သုံးစွဲခြင်းများပြည်သူထူထုထံ ချပြရှင်းလင်ခြင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာကော်မတီတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ လမ်းဖွင့်အား အိုးဘိုကျေးရွာကွန်ကရစ်လမ်းပေါ်၌ ဆက်လက်ပြုလုပ်ခဲ့ရာ အိုးဘိုကျေးရွာ ရွာဦးကျောင်းဆရာတော်ဦးစိန္တိတ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၊ မြို့နယ်ဦးစီး ဦးမြတ်မျိုးထွန်းနှင့် ကျေးရွာ VDP ဥက္ကဋ္ဌ ဦးသန်းစိုးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယင်း ကွန်ကရစ်လမ်း အရှည်ပေ ၆၂၅ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မ ခင်းခြင်းလုပ်ငန်းအား စီမံကိန်းရန်ပုံငွေ ၁၅ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ၅ဒဿမ ၇ သန်း တို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်နိုင်ခဲ့သဖြင့် အိမ်ခြေ ၇၄ အိမ်၊ လူဦးရေ ၃၆၉ ဦးအတွက် သွားရေးလာရေးလွယ်ကူချောမွေ့လာနိုင်ပြီဖြစ်သည့်အပြင် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးအတွက်ပါ များစွာအထောက်အကူပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm