Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် မုဆိုးရင် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကို Mobile Financial Payment စနစ်ဖြင့် ထုတ်ချေး


25 Oct,2023

သရက် အောက်တိုဘာ ၂၅
 
         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက် မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုဆိုးရင်ကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးခြင်းအခမ်းအနား ကို အောက်တိုဘာ ၂၄ ရက် နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။
 
          ရှေ့ဦးစွာ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က စီမံကိန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လက်လှမ်းမီစေရန်၊‌ ငွေကြေးမသမာမှုများ ကြောင့် ဆုံးရှုံးနိုင်မှု လျော့နည်းစေခြင်း နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ Mobile Phone အသုံးပြုကာ ချေးငွေ ထုတ်ယူခြင်း အစီအစဉ်ကို အသုံးပြုခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မွန်စိုးက အသင်းသားများ အနေဖြင့် စီမံကိန်းနည်းစနစ်အား ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွတ်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားသည်။
 
ထို့နောက် True Money Myanmar မှ တာဝန်ရှိသူများက လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းပြောကြားပြီး မုဆိုးရင် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀ ဦးအား ငွေကျပ် ၁၈၄ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃ ဦးအား ၁၇ ဒသမ ၅ သိန်း၊ အသေးစားစက်မှု လက်မှု လုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးအား ၉၃သိန်း စုစုပေါင်း အသင်းဝင် ၄၈ ဦးအား ရန်ပုံငွေ ကျပ် ၂၉၄ ဒသမ ၅သိန်း ကို Mobile Financial Payment စနစ်ဖြင့်အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး ယုနိုင်လင်း ပြောပြ၍ သိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm