Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့်နတ်မြောင်းကျေးရွာကွန်ကရစ် လမ်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


25 Oct,2023

သာစည်  အောက်တိုဘာ ၂၅

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် အုတ်ကုန်းကျေးရွာအုပ်စု၊ နတ်မြောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား (၁၈.၁၀.၂၀၂၃) ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအတိုး ရငွေ၏(၅၀%)ဖြစ်သော(၁၅၀)သိန်း၊ပြည်သူထည့်ဝင်ငွေ(၁၅)သိန်း စုစုပေါင်း(၁၆၅)သိန်း အတိုင်းအတာ(၁၆၄'X၁၂'X၆")ဖြင့် အုတ်ကုန်းကျေးရွာအုပ်စု၊ နတ်မြောင်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်း နှင့်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များမှာကြား ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်