Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ချီတိုင်အုပ်စု၊ဆားတောင်ကျေးရွာတွင်VDPစီမံကိန်းဖြင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


25 Oct,2023

ဝမ်းတွင်း အောက်တိုဘာ ၂၅

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (VDP)ဖြင့်    ဆင်ချီတိုင်အုပ်စု၊    ဆားတောင်ကျေးရွာ ၌ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဝင်များ နှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ဆေ၁င်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ဆင်ချီတိုင်အုပ်စု၊ ဆားတောင်ကျေးရွာတို့တွင်  (VDP)စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ငွေ (၁၅)သန်း  ပြည်သူထည့်ဝင်ငွေ (၄.၅)သန်း စုစုပေါင်း(၁၉.၅)သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း(၆၃၀¢x၁၂¢x၀¢-၆²) ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ယခုအခါ ဆားတောင်ကျေးရွာတွင် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းအား ဆောင်ရွက်ပြီးစီးပြီးဖြစ်၍  ရာခိုင်နှုန်းအားဖြင့် (၁၀၀%)ပြီးစီးပြီးဖြစ်ပါသည်။ အဆိုပါဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက  ဆင်ချီအုပ်စု၊ ဆားတောင်ကျေးရွာရှိ အိမ်ခြေ(၁၉၀)အိမ်၊လူဦးရေ(၈၆၅)ဦးအား သောက်သုံးရေသန့်အားရရှိမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm