Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ဖန်းခါးပင်ကျေးရွာမြစိမ်းရောင်စီမံကိန်းအရင်းထုတ်ချေးခြင်း


25 Oct,2023

မလှိုင်  အောက်တိုဘာ ၂၅

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစိမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေထွက်ကျေးရွာအုပ်စု၊ ဖန်းခါးပင်ကျေးရွာ၌  အရင်းငွေထုတ်ချေးခြင်းကို  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် ဝန်ထမ်းများက ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe Bank)နှင့် ပူးပေါင်း၍ Mobile Financial Payment စနစ်ဖြင့် ရေထွက်ကျေးရွာအုပ်စု၊ ဖန်းခါးပင်ကျေးရွာ၌  စိုက်ပျိုးရေးလုပ်ငန်းဖြင့် (၅၆)ဦး ထုတ်ချေးငွေ ကျပ်သန်း(၂၃.၃) မွေးမြူရေးလုပ်ငန်းဖြင့် (၂၀) ဦး ထုတ်ချေး(၆.၀)သန်းနှင့် အရောင်းအဝယ်ဖြင့်(၂)ဦး ထုတ်ချေးငွေ (၀.၇)သန်းထုတ်ချေးခြင်းအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးမှ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက် သွားကြပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်