Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ် ဈေးတန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး


25 Oct,2023

အမရပူရမြို့၊ အောက်တိုဘာလ       ၂၅

အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ၊ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလွှဲပြောင်းမှုအား ယနေ့နံနက်ပိုင်းအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

ဈေးတန်းကျေးရွာသည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်  နိုင်ငံတော်ထောက်ပံ့ငွေ ငွေကျပ် (၁၅.၀၀၀)ကျပ်သန်း ၊ ပြည်သူထည့်(လုပ်အား)ငွေကျပ်(၃.၀၀) ကျပ်သန်း၊ စုစုပေါင်းငွေကျပ် (၁၈.၀၀) ကျပ်သန်းဖြင့်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးရွာတွင်း  ကွန်ကရစ် လမ်းခင်းခြင်း ( ၈၀၀’x၁၂’x၀’x-၆” ) လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှုအား မြိုနယ်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းသည် အိမ်ခြေ(၁၃၂)၊ အိမ်ထောင်စု(၁၇၉) ၊ လူဦးရေ (၃၆၃)ဦးအတွက် အကျိုးပြုသောလုပ်ငန်းဖြစ်ပါသည်။ မြို့နယ် ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လုပ်ငန်းအားကျေးရွာကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။မြို့နယ်ဦးစီးမှူးမှ နောင်တွင်လည်း ကျေးရွာသူကျေးရွာသားများအနေဖြင့်  ကွန်ကရစ်လမ်းအား ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ခု ၊ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (ဒေါင်းရွေး)ကျေးရွာ၏ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း   ဆောင်ရွက်နေမှုအား ဆက်လက်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm