Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါန်းဇွန်မြို့နယ်၊ငါန်းလွှန့်ကျေးရွာ၌ VDPစီမံကိန်းဖြင့်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း


25 Oct,2023

ငါန်းဇွန် အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ငါန်းလွှန့်ကျေးရွာအုပ်စု၊ ငါန်းလွှန့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်ဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊ မြို့နယ်စီမံကိန်းတာဝန်ခံနှင့် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ငါန်းလွှန့်ကျေးရွာ၌ ကျေးရွာအတွင်းတိုးချဲ့ မီးတိုင်(၁၅)တိုင်၊ မီးကြိုး(၁၅၀၀’ x ၄ ကြိုး) သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က  သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြား သည်။

ငါန်းလွန့်ကျေးရွာမီးလင်းရေးလုပ်ငန်းကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်၁၅သန်း ၊ပြည်သူထည့်ဝင်ငွေ၁ သန်းဖြင့် အောက်တိုဘာ လ တတိယပတ်က စတင်ဆောင်ရွက်ရာ လုပ်ငန်းများ ၃၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးမိုးအောင်က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm