တံတားဦး အောက်တိုဘာလ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)တို့ပူးပေါင်း၍ အုတ်ကျွတ်ဖိုကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၍ ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင်များ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ နှင့် ရွှေ (ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)မှကိုယ်စားလှယ်များ၏ ကြီးကြပ်၍ အုတ်ကျွတ်ဖိုကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ အသင်းသား (၁၄၆) ဦး ငွေ ကျပ် (၄၆၄၅၀၀၀၀)ကို Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်