မြေပုံ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမှုမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒဂုံကျေးရွာ၊ ထွန်းသစ်စလယ်ယာနှင့်အထွေထွေစီပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းဥက္ကဋ္ဌ ဦးလှကျော်မြင့် ၏ GW-11 မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး စပါးတစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် အလေအလွင့် နည်းပါးစေရေး အလေးထားဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
အဆိုပါ သမဝါယမအသင်း၌ အသင်းသား တောင်သူ ၂၅ ဦး၏ မိုးစပါး စိုက်ပျိုးဧက ၂၀၄ ဧက တွင် GW-11 စပါးနှင့် ပေါ်ဆန်းမွှေးစပါးမျိုးများ စိုက်ပျိုးထားရှိကြောင်းနှင့် မြေပုံမြို့နယ်အနေဖြင့် သမဝါယမအသင်းနှစ်သင်းရှိ အသင်းသားတောင်သူ ၆၅ ဦး၏ မိုးစပါးစိုက်ပျိုးဧကစုစုပေါင်း ၃၈၀ ဧက တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် GW-11 စပါးနှင့် ပေါ်ဆန်းမွှေးစပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်