ဝိုင်းမော်၊ အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေရယူ၍ မိုးစပါးစီမံကိန်းဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း ၅ သင်းရှိ အသင်းသားတောင်သူ ၂၉၇ ဦး၏ စိုက်ဧက ၁၄၆၁ ဧကတွင် ဆင်းဧကရီ - ၃ စပါးမျိုးနှင့် ငွေတိုးစပါးမျိုးများအပြင် GW-11 စပါးမျိုး ၆ ဧကကိုလည်း ၃ ပင် ၅ ပင် တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိသည်။
ထိုသို့ စိုက်ပျိုးလျက်ရှိရာတွင် ဝိုင်းမော်မြို့နယ် အမှတ်(၅)ရပ်ကွက်၊ ပေါင်ကမ်လားလယ်ယာ အထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်းရှိ အသင်းသားတောင်သူ ၂၁ ဦး၏ စိုက်ဧက ၂၅၀ ပေါ်တွင် မိုးစပါးစိုက်ပျိုးထားမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်