တန့်ယန်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ အောက်တိုဘာလ ၂၁ ရက်နေ့က ကြည့်ရှုအားပေးခဲ့သည်။
ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသန်းသည် တာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ နမ့်ဟူးလွယ်ကာ ကျေးရွာရှိ တောင်သူဦးစာရေးစု၏ လယ်မြေတွင် စိုက်ပျိုးထားရှိသော အခြေခံသမဝါယမအသင်း၏ မိုးစပါး (၇၂)ဧက စိုက်ပျိုးထားရှိမှုအား လည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုနှင့် အကျိုးတူဆောင်ရွက်နေသည့် ပိုးမွေးမြူရေး လုပ်ငန်း များအား လှည့်လည်ကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်