နေပြည်တော် အောက်တိုဘာလ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာနှင့် ဝဲကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်မှု အခြေအနေ များနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်သို့ရောက်ရှိပြီး သမဝါယမအသင်းစုပိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ အတွင်းရှိ သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ စိုက်ပျိုးဧက ၂၀ ဧကကျော်ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုး နေသော စပါးမျိုးများအပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည် ဖြစ်ပြီး လိုအပ်သည့် စိုက်နည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိုးစပါးအပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများ ဆက်လက်စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြဖို့တိုက်တွန်းမှာကြားလိုပါကြောင်း၊ နွေစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်လျှင် သတ်မှတ်ကာလအတွင်း အပြေ အကြေပေးသွင်းကြရန် တိုက်တွန်း မှာကြားပါသည်။ ဆက်လက်ပြီး ကျေးရွာအသင်းသား တောင်သူများ၏စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်နေမှုများနှင့် အသင်းပိုင် မွေးမြူထားသော ကြက်အကောင် (၄၀၀၀)ကို ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာ၌ ရွှေပြည်တန်ခွန်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တိရစ္ဆာန်အစာစပ် စက်ရုံ တည်ဆောက်မည့်နေရာသို့ ရောက်ရှိကြည့်ရှု့ စစ်ဆေးရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စက်ရုံးတည်ဆောက်ခြင်းလုပ်ငန်းအတွက် မြေညှိခြင်း၊ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းဆောင် ရွက်မည့် အစီအစဉ်များအားလည်းကောင်း၊ စက်ရုံးတည် ဆောက်ခြင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း ဆောင်ရွက်မည့်အစီအစဉ်များအားလည်းကောင်း၊ စက်ရုံတည် ဆောက်ပြီးပါက ကုန်ထုတ်လုပ်မှုအနေဖြင့် (၁)နာရီလျှင် အစား(၁)တန်နှုန်းဖြင့် တစ်ရက်လျှင် တိရစ္ဆာန် အစာစပ်(၈)တန်ထုတ် လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံမြေနေရာလိုအပ်ချက် အစာတစ်တန် ထုတ်လုပ်မှု ကုန်ကျစရိတ် လျှပ်စစ်ဓါတ်အားလိုအပ်ချက်၊ အဓိကလိုအပ်သော ကုန်ကြမ်းလိုအပ် ချက်များကို ရှင်းလင်းတင်ပါ သည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လက်ရှိစက်ရုံမြေနေရာ ရွေးချယ်ထားရှိမှု အပေါ် ပြန်လည်စိစစ်တင်ပြရန်နှင့် မိမိတို့ ဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီပေါင်းစပ်နိုင်သည် များကိုဆောင်ရွက်ပေးသွားပြီးဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီးနောက် ပျဉ်းမနားမြို့နယ်၊ ဝဲကြီး ကျေးရွာမှ တောင်သူ ဦးကိုကြီး၏ မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှု့စစ်ဆေး ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။