Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မက်မန်းဒေသဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်


20 Oct,2023

နေပြည်တော် ၊ အောက်တိုဘာ(၁၉)

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  ယနေ့နံနက်ပိုင်းတွင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ရုံးသို့သွားရောက်၍ မိမိဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဌာနတွင်းရာထူးတိုး စာမေးပွဲများအား ကြိုးစားဖြေဆိုကြရန်၊ အခြားဝန်ကြီးဌာနများက ခေါ်ယူသော တဆင့်မြှင့်ရာထူး များအတွက်လည်းကောင်း နိုင်ငံခြားပညာသင်ဆုခေါ်ယူများအတွက် လည်းကောင်း ဝင်ရောက် ဖြေဆို၍ မိမိတို့ဘဝတက်လမ်းအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် အညီနေထိုင်၍ ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့မှုများ ပေးအပ်သည်။ ဆက်လက်၍ ရုံးအဆောက်အဦ မြေထိန်းနံရံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ ပညာဒိပကျောင်း ဘုန်းတော်ကျောင်းသို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမျှော်ကာ သက်န်း၊ နဝကမ္မ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ မင်းရန်အောင်စေတီတော်အား သွားရောက်ဖူးမျှော်ကြည်ညို ကြသည်။

          ထိုနောက် ဒုတိယဝန်ကြီးသည် မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မက်မန်းဒေသသို့လာရောက်တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ၍       မက်မန်းဒေသတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာန က ဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ယနေ့ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ပြန်လည်ထွက်ခွာခါ နမ့်ခင်းချောင်းဆိုလာစိုက်ပျိုးရေတင်စနစ်ဖြင့် မိုးစပါးဧက(၆၀) စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့် တွေ့ဆုံ၍ လာမည့်ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်၊ နွေစပါးစိုက်ဧက(၄၀)အတွက် အထွက်တိုးစပါးမျိုးများ စိုက်ပျိုး ကြရန်၊ ဆီထွက်သီးနှံများကိုလည်း အောင်မြင်အောင်ဆက်လက် စမ်းသပ်စိုက်ပျိုးကြရန် မှာကြား သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယန်းလောခေတ်မှီစံပြေကျေးရွာ(Smart Village) သို့ ရောက်ရှိခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးဝင်းနိုင် က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်အတွင်း စံပြကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သော ကွန်ကရစ်လမ်းများ ဖောက်လုပ်ပေးမှုအခြေအနေ (VDP) ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေစီမံကိန်း(RBF)ဖြင့် ဆောင်ရွက်နေသော ‌မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

          ၄◌င်းနောက် အသေးစားစက်မှုလက်မှုဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်မှုများ ဖန်တီးပေးနိုင်ရေးနှင့်  ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ဖွင့်လှစ်ခဲ့သော သင်တန်းများ တွင် ထူးချွန်ဆုရသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခန်းအနားများကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် တာဝန်ရှိသူ များက ယန်းလောကျေးရွာ အပ်ချုပ်စက်သင်တန်းတွင် ထူးချွန်ဆုရသူ (၅)ဦးအား အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ထုပ်ရိုက်စက်နှင့် မီးပူအပါအဝင် ပစ္စည်း(၇)မျိုးစီ ကိုလည်းကောင်း၊ယန်းကျိန် ကျေးရွာ ဝါးလက်မှုထည် သင်တန်းမှ ထူးချွန်သူ(၅)ဦးအား ဝါးဖြတ်စက်(Miter Saw)၊ ကော်ပတ်အထိုင်စက် (Sandar) ၊ Power Art Motor ၊ ဝါးပြုတ်ရန်စတီးကန်၊ လက်ကိုင်ဖောက်စက်၊ လက်ကိုင်ဖြတ်စက်၊ ဝါးဖြတ်ခုံ၊ ဦးထုပ်ခေါင်းချိုးမို တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရယူကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေစီမံကိန်း(RBF)ဖြင့် ဆောင်ရွက်နေသော ငါးမွေးမြူရေးကန်များကိုလည်းကောင်း၊ ဒေသမျိုးဝက်ခြံကိုလည်းကောင်း၊ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm