Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ


20 Oct,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို (၂၀-၁၀-၂၀၂၃)ရင်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆-ဘီ) အစည်းဝေးခန်းမ၌ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများအား တင်ပြ ဆွေးနွေးကြရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm