တန့်ယန်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေး သမဝါယမအသင်း၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိ အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း၏ အသင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီး ဌာနဦးစီးမှူး ဦးအောင်မင်းက ငွေစုငွေချေးသမဝါယမအသင်းများ၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း၏ အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ငွေစာရင်း ရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်းကြားတင်ပြကြကာ သဘာပတိအသင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းကျော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦးပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်