Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ


23 Oct,2023

ဂွ    အောက်တိုဘာ   ၂၃

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ငါးကဏ္ဍနှင့် သမဝါယမကဏ္ဍဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးဆိုင်ရာမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဦးခင်မောင်ရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့်  ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အရင်းမပျောက် မတည်ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  သမဝါယမဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် အရင်းမပျောက်မတည်ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ငါးကဏ္ဍနိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာမတည်ရန်ပုံငွေဖြင့် ဆောင်ရွက် မည့်  ကြွေချိုင်ကျေးရွာနှင့် မကျေးငူကျေးရွာအဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီများသို့ တစ်ရွာလျှင် သိန်း(၆၀၀)ကျပ်စီအားလည်းကောင်း၊  သမဝါယမကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင် ရေးဆိုင်ရာမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  သိန်း(၂၄၀)ကျပ်အား ဆပ်သွားလယ်ယာ နှင့်အထွေထွေစီးပွားရေးသမဝါယမလီမိတက်နှင့် သိန်း(၁၂၀)ကျပ်အား တောင်ပေါက်လယ်ယာ နှင့်အထွေထွေစီးပွားရေးသမဝါယမလီမိတက်ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီ များသို့လည်းကောင်း မြို့နယ်အဆင့်စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မတည်ရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်

ရခိုင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်