Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တော်မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်


23 Oct,2023

ကျောက်တော် အောက်တိုဘာ   ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်သမဝါယမအသင်းစုလီမိတက် ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအ‌ဝေးကို မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကျောက်တော်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဦးစောထွန်း၊ အခြေခံသမဝါယမ အသင်းများမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဦးစောထွန်းမှ သဘာပတိ အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး ဦးအောင်ကျော်သိန်းတို့မှ အခမ်းနားမှူးအဖြစ်ဆောင် ရွက်ပြီး အစည်းအဝေးအား အစီအစဉ်(၉)ရပ်ဖြင့်‌ ဆောင်ရွက်ခဲ့ကာ သဘာပတိမှ အဖွင့်အမှာ စကားပြောကြားပြီး‌နောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း အား သမဝါယမအသင်းစုလီမိတက်မှ ဒုဥက္ကဋ္ဌ ဦးကျော်ဦးသာမှ ဖတ်ကြားတင်သွင်းပြီး အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာအား အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ ဖတ်ကြား တင်ပြခဲ့သည်။ ထို့နောက်အခမ်းအနားမှူးမှ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းအား အသင်းဝင်ကိုယ်စားလှယ်များ ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေးလုပ်ငန်းစဉ်များအား တက်ရောက်လာ သော အသင်းဝင်များက တညီတညွတ်တည်းသဘောတူကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း

ရခိုင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm