Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမိုးစပါးစိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၃၈၀)အတွက် သွင်းအားစုပံ့ပိုးငွေ ကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကျင်းပ


23 Oct,2023

မြေပုံ   အောက်တိုဘာ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက ၃၈၀ အတွက် သွင်းအားစုပံ့ပိုးငွေကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမ ရုံးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်လင်းနိုင်က အဖွင့်လမ်းညွှန် အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးဖုန်းမြတ်လင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားများအား သွင်းအားစုပံ့ပိုးငွေ ထုတ်ပေး သည်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ အသင်းစု အုပ်ချုပ်မှုဒါရိုက်တာဦးအောင်မြင့်က သုံးဦးဖလှယ်စာချုပ်ချုပ်ဆိုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သွင်းအားစုအရောင်းကိုယ်စားလှယ် အား ဓာတ်မြေဩဇာအိတ်(၇၆၀)အတွက် ပံ့ပိုးငွေကျပ်သိန်း(၇၆၀)ကျပ်အား လွှဲပြောင်း ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက ထွန်းသစ်စ (လယ်/ထွေ)သမဝါယမအသင်းဥက္ကဋ္ဌအား ဓာတ်မြေဩဇာများပေးအပ်ပြီး မြို့နယ်သမဝါယမ အသင်းစုအုပ်ချုပ်မှုဒါရိုက်တာမှ ရွှေဝါကျောက်တန်း(လယ်/ထွေ)သမဝါယမအသင်းဥက္ကဋ္ဌအား ဓာတ်မြေဩဇာများပေးအပ်ကာ အသင်းအတွင်းရေးမှူးဦးရွှေတင်မှ ကျေးဇူးတင်စကားပြော ကြားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်