ပုသိမ်ကြီး အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦး နှင့် တာဝန်ရှိသူများသည် ပုသိမ်ကြီးမြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် မြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါးစိုက်ပျိုးထားသော မနောယျမကျေးရွာ၊ ပဲလှော်ဖို ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင်ငွေဖြင့် လုပ်ကိုင်ဆောင်ရွက်ထားသော သမဝါယမအသင်း (၄)သင်း၏ စိုက်ပျိုး ဧကပေါင်း (၆၁၂)ဧကရှိပြီး၊ မနောယျမ (လယ်/ထွေ) သမဝါယမအသင်းမှ အသင်းသား (၁၈)ဦး၊ စိုက်ပျိုးဧက (၇၂)ဧက၊ ပဲလှော်ဖို (စိုက်/ထွေ) သမဝါယမအသင်းမှ အသင်းသား (၃၀)ဦး၊ စိုက်ပျိုးဧက (၂၅၀)ဧက၊ ရွာသစ်(လယ်/ထွေ) သမဝါယမအသင်းမှ အသင်းသား(၆၇)ဦး၊ စိုက်ပျိုးဧက(၂၀၀)ဧက၊ အောင်တံခွန် (စိုက်/ထုတ်)သမဝါယမအသင်းမှ အသင်းသား(၁၇)ဦး၊ စိုက်ပျိုးဧက(၂၀၀)ဧကတို့အား ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါးများ စိုက်ပျိုး ထားလျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်