မြောက်ဦး အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် အုတ်ဖိုကန်- သံချောင်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂ဝ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမြင့်ဟန်၊ မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းရန်နိုင်သူ၊ မြောက်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစောထွန်းနိုင်၊ ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်က ကွန်ကရစ်လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
အုတ်ဖိုကန်-သံချောင်း ကျေးရွာချင်းဆက်လမ်း အရှည် ၁၇၁၆ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ် လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၀ ဒသမ ၁၇၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ၂ဝ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူထံမှ သိရသည်။
ကိုသန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်