နေပြည်တော်၊ အောက်တိုဘာ(၁၈)
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်းမြို့နယ် ပုံခက်(၅)မိုင် ကျေးရွာသို့ ရောက်ရှိပြီး စိမ့်စမ်းရေ သွယ် ကြည့်ရှု့စစ်ဆေးခဲ့သည်။ ဆက်လက်၍ မိုင်းပျဉ်းမြို့သို့ ရောက်ရှိပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသောလုပ်ငန်းများ အချိန်မှီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်၊ အထက် အောက် အပြန်အလှန်လေးစားမှု့ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွှတ်မှု တည်ဆောက်သွားရန်၊ ရုံးများသန့်ရှင်းသပ်ရပ်စွာ ရှိနေစေရေး ကရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ၎င်းနောက် နမ့်ပြိန်ချောင်းနှင့် ကပ်လျှက်တည်ရှိနေသော ရုံးခြံစည်းရိုး ပျက်စီးမှုအား ပြန်လည်ပြုပြင်ရန် သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ထို့နောက် စွန်တောင်း ကျေးရွာသို့ ဆက်သွယ်ထားသော (VDP)ကွန်ကရစ်လမ်း အရှည်(၆၀၀) အားလိုက်လံ ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာသို့ ရောက်ရှိပြီး တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသ နေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် စာအုပ်စာစောင်များနှင့် စားသောက်ဖွင့်ရာများကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဆွတ်ဝိုးကျေးရွာ ဘက်စုံသုံးခန်းမဆောင်တွင် ဒေသခံတိုင်းရင်းသားများနှင့်တွေ့ ဆုံပြီး ရောင်ခွန်ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်းရန်အောင်ကျေးရွာသို့ ရောက်ရှိ ကာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ရွာသူရွာသားများနှင့်တွေ့ဆုံပြီး အမြှင့်တင်ရေစက်ရုံ သွား လမ်း(၁၅၀၀)ပေအား ပြုပြင်ဖောက်လုပ်ပေးရေး၊ ဘက်စုံသုံးခန်းမ တည်ဆောက်ပေးရေး၊ မော်တော်ဆိုင် ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးရေးကိစ္စရပ်များအတွက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ စားသောက်ဖွင့်ရာများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် မင်းရန်အောင်ကျေးရွာ အခြေခံ မူလတန်းကျောင်းသို့ သွားရောက် ၍ ကျောင်းသား/သူများ ပညာသင်ယူနေမှုအား လိုက်လံ ကြည့်ရှု့ခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာကုန်ထုတ်လမ်း(၃/၀)မိုင် ဖောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကာ လာမည့်ဘဏ္ဍာနှစ်၌ ကုန်ထုတ်လမ်း(၁/၀)မိုင် ဆက်လက်ဖောက်လုပ်ရေးနှင့် (၈၀)ပေ ကွန်ကရစ်တံတား တည်ဆောက်ရေးတို့တွင် ညှိနှိုင်းမှာကြားခဲ့သည်။ သို့မှတဆင့် ဒုတိယဝန်ကြီး သည် ကွန်ဟောင်းကျေးရွာသို့ ရောက်ရှိပြီး (VDP) ကျေးရွာတွင်း ကွန်ကရစ်လမ်း ပေ(၄၈၀) ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးပြီး ယင်းနောက် ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ ကွန်ဟောင်းမှ နမ့်ကျွတ်ချောင်းသို့ ဆက်သွယ်မည့် ကုန်ထုတ်လမ်း(၃/၀)မိုင် ဖောက်လုပ်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ/ဆရာမများအား တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။