မကွေး အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးဝင်း၊ မကွေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေး နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် Dears Brain ကုမ္ပဏီမှတာဝန်ရှိသူများ၊ ယင်းသာစည်အရှေ့ကျေးရွာ ကုန်ထုတ်လမ်းတံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ အလျား ၈၀ ပေ အနံ ၁၈ ပေ ဒု ၈ လက်မရှိသော ကွန်ကရစ်ရေကျော်တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄ သန်းဖြင့် ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကုန်ထုတ်လမ်းအား အသုံးပြုနေသော ယင်းသာစည်အရှေ့ကျေးရွာနှင့် ကျောက်ပစ်ကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၅၇၇ အိမ်၊ လူ ၂၇၂၁ ဦး၊ လယ်ယာစိုက်ပျိုးရေးဧက ၁၀၀၀ ဧကမှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်