ဝါးခယ်မ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှင့် ဂျီအီးစီပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဝါးခယ်မမြို့အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ဒေါ်ပိုက်မိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသား ၂၆၆၃ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ်သိန်း ၉၆၃.၃၁၄၅ ထုတ်ပေးခဲ့သည်။ ထို့ပြင် ဂျီအီးစီ ပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်မှ အသင်းသား ၁၉၅၃ ဦးသို့ အကျိုးဝေစုအဖြစ် ငွေကျပ်သိန်း ၆၇.၀၅ ကို အစုထည့်ဝင်ပေးခြင်းနှင့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်း တန်ဖိုးရှိ ဆီငါးဆယ်ကျပ်သား၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၈၅၉၀၀၀ အားပေးအပ်ခဲ့သည်။
ဆက်လက်၍ စုဆောင်းငွေအများဆုံးထည့်ဝင်သူများအား ဆုများပေးအပ်ခြင်း အငြိမ်းစားယူ သွားကြသည့် အသင်းအမှုဆောင်ဆရာကြီးများအား ကန်တော့ခြင်း၊ တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အသင်းသားများ၏ သားသမီးများအား ပညာရည်ချွန်ဆုများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်