Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ် ခုံကွတ်ကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး


20 Oct,2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၃.၇၅သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တန့်ယန်းမြို့နယ် ခုံကွတ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ခုံကွတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

အဆိုပါ ခုံကွတ်ကျေးရွာကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့်ကိုးလက်မ ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၃.၇၅သန်းဖြင့် တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဇူလိုင်လ တတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၉၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm