Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေး


20 Oct,2023

လောက်ကိုင်     အောက်တိုဘာ   ၂၀

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လောက်ကိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများသည် အောက်တိုဘာလ(၁၉)ရက် မွန်းလွဲ(၂)နာရီအချိန်တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါ အောင်မြင် သော ရွှေကောင်းခါးကုမ္ပဏီမှ လောက်ကိုင်မြို့နယ်၊ မန်တုံပါးကျေးရွာအုပ်စု၊ ရှော်မင်ရှန်းကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိမ့်စမ်းရေရရှိရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း အပိုင်း(၁) (မြေသား+သဲဗြုန်း)လုပ်ငန်းနှင့် ကျေးလက် ကုန်ထုတ်လမ်း အပိုင်း(၂)(မြေသား+သဲဗြုန်း)လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့ကိုလည်းကောင်း မြေပြင် ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများကို ဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထား လိုက်နာဆောင်ရွက်သွားရန် တင်ဒါအောင် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

            ရှော်မင်ရှန်းကျေးရွာ၌ ကျောက်စီရေတားတမံ(၂၅ပေx၅ပေx၃ပေ)တည်ဆောက်ခြင်းလုပ်ငန်း၊ (၂)လက်မ Ø(၂)မိုင် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ရေဂါလံ (၃၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါအောင်ကုမ္ပဏီမှ ဇူလိုင်လဒုတိယပတ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး (၉၀%)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၂၄)အိမ်၊ လူဦးရေ(၁၄၅)ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိမည် ဖြစ်ကြောင်းနှင့် ၎င်းအပြင် ရှော်မင်ရှန်းကျေးရွာ၌ အရှည် (၂)မိုင်၊  အကျယ် (၁၂)ပေ၊ ထု (၉)လက်မရှိ ကျေးလက် ကုန်ထုတ်လမ်း(အပိုင်း-၁)နှင့် (အပိုင်း-၂)(မြေသား+သဲဗြုန်း)လုပ်ငန်းကိုလည်း လောက်ကိုင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇူလိုင်လတတိယပတ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ (၇၀%) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယင်းကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပါက လယ်ယာဧက(၁၀၀)ဧကကျော်မှ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm